Two Profiles of Your Ongoing Journey
၂၀၂၃၊ ၂၀၂၄၊ ၂၀၂၅ ….. ဒီနှစ်တွေက ကျွန်တော့်အတွက်တော့ သာမန်ထက်ဆိုးတဲ့ အဆင်မပြေတဲ့နှစ်တွေပဲ။
ရွေးချယ်မှုတွေနဲ့ ပတ်သက်ပြီး
နောင်တများ တသီတတန်းနဲ့ဆိုပါတော့။ ကျွန်တော့်ကိုယ်ကျွန်တော် လူကောင်းဖြစ်မည် မဖြစ်မည်တော့ မသေချာပေ။ ကျွန်တော့်မှာ ကြံနိုင်ဖန်နိုင်ရည် ရှိတာတော့ ကိုယ့်ဘာသာယုံကြည်သည်။ လေးကေ့ကော် ကော်သူး ဈေးမှာတုန်းက လှမျိုးမာန်နဲ့ စပြောခဲ့တဲ့ ပရောဂျက်လေး သတိရသည်။ အဲ့တုန်းက ကော်သူးဈေးထဲဆင်းနေတော့ ငါတို့ အင်တာနက်ရှိနေရင်တောင် Click to donate link တွေလုပ်ပြီး Fund ဆက်ရှာပေးလို့ရသေးတယ်ဘာညာ သူကပြောပြတာပေါ့။ အဲ့တာနဲ့ပဲ App/ web publisher လမ်းကြောင်းကို အစကနေ ခြေစုံပစ် ဖြစ်ခဲ့ရော။ ကျွန်တော့်ဘဝထဲ ကြောက်စိတ်တွေ မရေရာမှုတွေ Delulu တွေ စဝင်ခဲ့တာတော့ ၂၀၂၂ နိုဝင်ဘာလောက်က စဖြစ်မယ်ထင်တယ်။ ပြီးတော့ ပညာရေးလမ်းကြောင်း ရွေးချယ်မှုမှာလည်း ကျွန်တော် Minority အနေနဲ့ လူအုပ်ကြီးကြားထဲ ရောက်သွားတယ်။ ကျွန်တော်ပြောနေတဲ့စကားတွေက အဲ့အသိုင်းအဝိုင်းဘက်မှာကျ ဒီကောင်က အကြီးကြီးတွေ ပြောလှချည်လားဖြစ်ကုန်ရော။ ထားပါတော့ . . . . ။ ခု စာကလည်း မနက် ၅ နာရီ စရေးနေတာ။ အားလုံးကို ပြန်တွေးကြည့်ရင်တော့ ဘယ်လိုဘယ်ဝါကြောင့် ဒီအခြေအနေဖြစ်ရတာဆိုတာထက် လုံလောက်တဲ့ Resource (ငွေကြေး) ငါ့မှာ ဆက်မထုတ်နိုင်တော့တာကြောင့်ပဲလို့ ကိုယ့်ဘာသာခံယူလိုက်တယ်။
လူတွေကြားထဲ အသိအမှတ်ပြုခံရမှု
ဆိုတာကလည်း စားတယ်။ တခါတလေပေါ့။ ဥပမာ ၂၀ ပတ်လည် ယောက်ျားလေး တစ်ယောက်ဆိုပါတော့။ အဲ့တစ်ယောက်က သူ့နေ့စဉ်ဘဝမှာ ဂျင်မ်ပုံမှန်သွားမယ်ဗျာ (ဂျင်မ်ကလည်း တန်းမီတဲ့ ဂျင်မ်မျိုး သွားနိုင်ရင်)။ နောက် ၆ လလောက်သာ သူဘာသာ စောက်ချိန်ပေးနိုင်နေရင် ဒီဘယ် Body က သိသိသာသာ မိုက်လာမှာတော့ သေချာတယ်။ Consistency မရှိဘဲတော့ မရဖူးပေါ့။ ဒါပေမဲ့ ခက်နေတာတော့ မဟုတ်ဖူးဗျ။ ဒီနေရာမှာ ပြောချင်တာ ကျွန်တော့် အငုံ့စိတ်လေးလည်းပါတယ်။ ဥပမာတစ်ခုထပ်ပေးမယ်။ ၂၀၂၁ ဧပြီလောက်မှာ ကိုယ့်အရင်ဘဝကနေ စွန့်လွှတ်ပြီး တခြားဘဝ တစ်ခု အခြေအနေကို ကျွန်တော်ရွေးခဲ့တယ်ပေါ့။ တခြား ရဲဘော်တွေနဲ့ စာရင်တော့ စွန့်လွှတ်မှုက ဘာမှ မပြောပလောက်ပေမဲ့ ကျွန်တော့်အရင်ဘဝက ကောင်တွေနဲ့စာရင်တော့ ကွာနေပြီ ၊ တော်တော် ဟနေပြီဆိုပါတော့ဗျာ။ ဒီနေရာမှာ ခံပြင်းတာက အသိုင်းအဝိုင်းဆိုတာကြီးကပါ အဲ့လိုအရာတွေကို အထင်ကြီးနေ လေးစားနေကြတာတော့ တမျိုးပေါ့။ ခုချိန် ခင်ဗျားစဉ်းစားနေလောက်ပြီ။ ဒီကောင် သူမရှိလို့ သူမရလို့ သူများတွေကို လိုက်ဂျေဝင်နေတာ ဘာညာပေါ့။ ဒီကောင်တော့ တော်လှန်ရေးလုပ်ရင်းနဲ့ သူများတွေပါလိုက် ဘလိန်းနေပြီ။ ဖောက်ပြန်သူ ဖြစ်သွားပြီ ဘာညာပေါ့။
နောက်ဆုံးကုန်ကုန် တခွန်းပဲပြောရမယ်ဆိုရင်
သူတို့တွေပုံမှန်သွားနေတဲ့ Default Life က ၄နှစ်ကျော်ပြီ။ စစ်တပ်နဲ့ပေါင်းတယ်လဲ မပြောဖူး။ စစ်တပ်နဲ့ ပနံသင့်နေတာ မဟုတ်တောင် ပုံမှန်လည်ပတ်နေတယ်ဆိုပါတော့။ သူတို့ ရွေးချယ်မှုနဲ့ပေါ့ ။ နောက်ပိုင်းကျ ပတ်ဝန်းကျင်ဆိုတာကြီးကပါ High ground Low Ground တွေ မြင်တတ်လာတော့ ကျွန်တော် စိတ်ပိုင်းဖြတ်လိုက်တာ တစ်ခုရှိတယ်။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ အရင် Default life မှာ ပုံမှန် လုပ်မဲ့ Quest တွေ Mission တွေရှိတယ်။ ပုံမှန်ဘဝဆိုရင် အဲ့တာတွေကိုပဲ အေးဆေးလေး ဘယ်သူဂရုမစိုက် ဆက်လုပ်နေမှာသေချာတယ်။ ဒါပေမဲ့ အဲ့တာတွေ တချို့က ခုအနေအထားဆို ကိုယ် လက်လှမ်းအရမ်းမမီမဲ့ Resource ထဲ မပါတော့ဖူး။ ဥပမာ ကျွန်တော် ရှေ့ ၂နှစ်တွေက လက်ဝှေ့ တအားထိုးချင်နေတာ။ မဲဆောက်မှာတုန်းကလည်း ထိုးခွင့်ရရမှာ။ ကျွန်တော် ပိုက်ဆံမရှိတာရော အဲ့ချိန်က အထောက်အထား မစုံသေးတာရောနဲ့ အကြောင်းမျိုးစုံနဲ့ အဟွာမဖြစ်လည်း ထားလိုက်ပါပဲ လုပ်ခဲ့ရတယ် ဆိုပါတော့။
ကျွန်တော်နှင့် ဂျင်
တကယ်ဂျင်ကို တစိုက်မတ်မတ်ဆော့တာ ကျနော် ၉တန်းကတည်းက ကျောင်းတက် ကျူရှင်တက်နေရင်းတန်းလန်းနဲ့ သွားတာ။ ဆေးကျောင်းရှေ့က ဦးဝိုင်းချစ် Gym လေးက ကျနော် စဆော့ဖူးတဲ့ ပထမဆုံး Aircon နဲ့ Gym ပဲ။ ဂျင်ချည်းပဲ ၅ ရုံလောက် အတည်တကျနဲ့ ပြောင်းဆော့ဖူးတယ်။ ပြောချင်တာ ကျနော့်အသိုင်းအဝိုင်းက နဂိုက ကောင်းတယ်ဗျာ။ ဟိုလိုကြီး ငါတို့က ဘယ်လိုအနေအထားကလာတာ ဘာညာ ကြွယ်ပြနေတာမဟုတ်တောင် ကျနော်ကိုယ်ကျနော် ဘယ်လို ကျန်းမာအောင်ထားရမလဲနဲ့ ဘာတွေဆက်လုပ်ရမလဲ ခေါင်းထဲအပြည့်ရှိတယ်။
ဒါပေမဲ့ ဒီနှစ်တွေ ကျွန်တော် စောက်ခွက် ကျွန်တော် သဘောမကျတာလည်း ကြာပြီ။ အရင် ကျွန်တော်ကိုယ် ကျွန်တော် ဘာလုပ်လုပ်ဖြစ်မယ်ဆိုပြီး Confidence တအားရှိခဲ့တဲ့ အချိန်တွေလည်း ပြန်သတိရတယ်။
အရင်ဘဝ နှင့် လက်ရှိ
အဲ့လိုပြန်ဖြစ်ဖို့ဆိုရင် အရင် ဘဝကို ပြန်သွားနိုင်မှဖြစ်မယ်။ အရင်ဘဝမှာ သီဟလင်းဆိုတဲ့ကောင်က ခုမြင်နေသလိုပုံနဲ့ ကွဲချင်ကွဲမယ်။ ဒါပေမဲ့ မဖြစ်မဖြစ်အောင် လုပ်ချင်စိတ် ရှာဖွေချင်စိတ်ရှိတယ်။ ခု သီဟလင်းက သိလာတာတွေ များတယ်ဆိုပေမဲ့ အလုပ်ဖြစ်အောင် မလုပ်ပြနိုင်သေးဖူး။ ဒီနေ့စာက Superiority complex နဲ့ Inferiority complex ကြား ကျွန်တော်ရောက်နေတာဆိုတာသိတယ်။ ကျွန်တော်တို့ဘဝမှာ Profile ၂ခု ခွဲဖို့များလိုတယ်ပြောရင် စိတ်ဆိုးမလား မသိဖူး။ တစ်ခုက တော်လှန်ရေး Profile တစ်ခု နောက်တစ်ခုက ကျွန်တော်တို့ ဆောက်ဖို့မေ့နေတဲ့ Default ဘဝက Profile တစ်ခုပေါ့။ Default ဘဝက သူတွေက ဒီ ၄နှစ်အတွင်း ကိုယ်စီကိုယ်စီ ထည့်ကြရင်းတော့ LinkedIn တွေရော တခြား Connection တွေရော ကြီးထွားလာကြပြီပေါ့။ ကျွန်တော်ပြောချင်တာ ဒီမှာစမှာ . . . . . ။ ကျွန်တော်တို့က တော်လှန်ရေး လမ်းကြောင်းကို လျှောက်မယ်ဆိုရင်တော့ Default Life က လူတွေကို ပေးကျော်ရမှာ လက်ခံရမယ်။ ပေးကျော်ရမှာဆိုတာထက် သူတို့က ဒီတိုင်းဆိုရင်ကို ကျော်သွားမှာလေ။ ( ရိုးရိုးလေးပဲ စဉ်းစားကြည့်။) တကယ်လို့ အဲ့လို အကျော်ခံရတာ စိတ်ထဲဘဝင်မကျ စိတ်အဆင်မပြေဆိုရင် လုပ်ရမှာက တစ်ခုပဲ။ နံပါတ်တစ် အရင်ဘဝမှာ ကိုယ့်အတွက် သာမန်ပါပဲ လို့ သတ်မှတ်ထားတဲ့ အလုပ်တွေနဲ့ Achievement တွေလည်း ရနိုင်ရမယ်။ ( စောက်ပေါလေးတွေရေ . . . . အဲ့ဘဝတွေက ပုံမှန်ရနေပြီးသားဆိုတာ သက်သေပြချင်သေးတာ) နောက်တစ်ခုက တော်လှန်ရေး Profile နဲ့ Image ရော ။ ဒါကတော့ ဒီ၄ နှစ်လုံး ကိုယ့် Activities တွေဆို ဒီဘက်မှာတော့ ရှိတယ်။ အရင်အသိုင်းအဝိုင်းကသာ ဘာမှ အဲ့လောက်အရေးမလုပ်ပေမဲ့ တော်လှန်ရေး အသိုင်းအဝိုင်းကတော့ ဘာမှမလုပ်တဲ့သူဆို နောက်ထပ် သူတို့ Circle အတွင်းဘက် ဝင်မခံဖူး။ ၂ဘက်လုံးကို မရှုံးချင်ဖူးဗျာ။ စစ်တပ်ကိုချည်း တော်လှန်နေနိုင်လားဆိုရင်တော့ တော်လှန်ရေးက မသေမချင်း တသက်လုံးဆက်လုပ်မှာ။ ဒါပေမဲ့ Default Life မှာလည်း အရှုံးသမားမဖြစ်ရဖူး။ မင်းအောင်လှိုင်ကိုလည်း စောက်ခွက်ရိုက်နိုင်ရမယ်။ ပုံမှန်ဘဝမှာလည်း စောက်ပေါမဟုတ်ဆိုတာလေး ထပ်ပြရဦးမယ်။ ပုံမှန် ဘဝမှာ စောက်ပေါမဟုတ်ကြောင်းပြဖို့ဆိုရင် ကျသွားတဲ့ ဘဝကနေ ပုံမှန်ထက်ပါ ပြန်ကျော်ပြနိုင်ရင် လုံလောက်မလား။
ဥပမာ
Thiha Linကိုယ် သွေး hp 200 ပဲကျန်ပြီး item မလောက်နဲ့ ချတာတောင် Late Game နိုင်သွားတယ်ဆိုရင် ငါ hp 1000 Item အပြည့်ဖြစ်နေတဲ့ချိန်ကဆိုရင်လည်း သာမန်လောက်က နိုင်တယ်ဆိုတာ သက်သေပြလို့ရမလား ?
တော်လှန်ရေးလည်း လုပ်ရမယ်။ တောသားတွေထက်လည်း ကျော်ပြရမယ် . . . . .. ငါတို့က ဘဝပျက်သွားတာမဟုတ်ဖူး။ ဖိနှိပ်ခံထားရလို့ အခွင့်အရေးတွေ တမင်လွှတ်လိုက်ရလို့။ ပြန် Pump မဲ့ချိန်အတွက်ပဲ လုပ်နေတယ်။ လီးပဲ .,...
သီဟလင်း (၀၉-၁၀-၂၀၂၅)
Suggested Posts
All PostsAllAll PostsAllThe Science of Happiness: Cultivating Joy and Fulfillment in Everyday Life
Thiha
- •
- 03 MIN TO READ